← စာအုပ်ဆိုင်
ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲမှု့ပညာ

ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲမှု့ပညာ

Managing Oneself

Kyi Shun

8,000 ကျပ်

ယာယီ ကုန်နေပါတယ်

ကုန်သွားပါပြီ

မနက်မိုးလင်းလို့မှန်ကြည့်တဲ့အခါ ကိုယ့်ကိုယ်ကို ဘယ်လိုလူမျိုးလို့မြင်ချင်လဲ။

ကိုယ့်အသက်မွေးလမ်းကြောင်းခရီးဖြောင့်ဖို့အတွက် ကိုယ်ကိုယ်တိုင်မှာပဲ တာဝန်ရှိပါတယ်။

 

ကိုယ့်မှာရှိတဲ့ အဖိုးတန်ဆုံးအားသာချက်တွေနဲ့ သာမန်အားဖြင့် ရှာဖွေတွေ့ရှိဖို့မလွယ်တဲ့ အားနည်းချက်တွေကို ဖော်ထုတ်ဖို့ကိုယ့်ကိုယ်ကို နက်နက်ရှိုင်းရှိုင်းနားလည်ဖို့လိုပါတယ်။
 

ကိုယ်ကဘာတွေသင်ယူတတ်တာလဲ၊ ကိုယ့်ရဲ့ ခံယူချက်နဲ့ တန်ဖိုးထားမှုကဘာတွေလဲဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်နိုင်မှသာ ကိုယ်တိုင် စနစ်ကျပြီး ထူးချွန်ပြောင်မြောက်တဲ့ အောင်မြင်မှုကို ရရှိမှာဖြစ်ပါတယ်။

လူတစ်ယောက်ဟာ ကိုယ့်အချိန်၊ ကိုယ့်ကြိုးစားမှုတွေကို ဘယ်နေရာမှာအသုံးချရမလဲ ကိုယ်တိုင်မသိရင် ၊ သူများကိုဘယ်လိုကူညီရမလဲနားမလည်ရင် လုပ်ငန်းတစ်ခုခုကိုအောင်မြင်အောင်ဆောင်ရွက်နိုင်မှာမဟုတ်ပါဘူး။

 စီမံခန့်ခွဲမှုပညာရပ်ရဲ့ ဖခင်ကြီး ပီတာ ဒရပ်ကာ က ကိုယ့်အနေနဲ့ မဖြစ်မနေလုပ်ရမယ့် အလုပ်တွေ ကိုယ်ကပဲ လုပ်နိုင်တဲ့အလုပ်တွေကို ဘယ်လိုအာရုံစိုက်ရမလဲဆိုတာပတ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲဖို့ လိုက်နာကျင့်သုံးရမယ့် နည်းလမ်းတွေကိုရေးသားဖော်ပြထားပါတယ်။

အသက်မွေးဝမ်းကြောင်းတစ်ခုကို ကိုယ်တိုင်တာဝန်ယူလုပ်ဆောင်တဲ့အခါ လိုအပ်တဲ့အတွေးမြင်သစ်တွေကိုဖော်ထုတ်နိုင်ဖို့၊ ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲနိုင်ဖို့အတွက် လိုက်နာကျင့်သုံးသင့်တဲ့ စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။




ကြည်ရွှန်း စီစဉ်သည်။ 



 📖 စာမျက်နှာ - ၁၂၀ 

V