Refund Policy

နောက်ဆုံးပြင်ဆင်ခဲ့သည့်ရက်စွဲ — 18 August 2026

Online Course

Course register/ဝယ်ယူပြီး ရက်ပေါင်း ၇ ရက်အတွင်း Course content ၏ ၂၀% အောက် ကြည့်ရှုထားပါက (Video access မတိုင်ခင်/စကြည့်ခါစသာ) Full Refund တောင်းဆိုနိုင်ပါတယ်။ ၇ ရက်ကျော်သွားပြီး (သို့) Content ၂၀% ကျော် ကြည့်ရှုပြီးပါက Refund ပေးနိုင်တော့မည် မဟုတ်ပါ။

Live Bootcamp

Bootcamp မစတင်မီ အနည်းဆုံး ၃ ရက်ကြိုတင်ပြီး Cancel လုပ်ပါက Full Refund (သို့) နောက် Batch ကို အခမဲ့ ပြောင်းပေးပါမယ်။ Bootcamp စတင်ပြီးနောက် Refund ပေးနိုင်တော့မည် မဟုတ်ပါ — Emergency/Medical case များအတွက် BVM Team နှင့် တိုက်ရိုက် ဆွေးနွေးနိုင်ပါတယ်။

Corporate Training / Consulting

Corporate Training နှင့် 1:1 Consulting Package များအတွက် Refund/Cancellation စည်းမျဉ်းကို Contract/Agreement အပေါ်မူတည်ပြီး သီးခြား သတ်မှတ်ပါတယ် — Sign လက်မှတ်ရေးထိုးခြင်းမပြုမီ BVM Sales Team နှင့် သေချာ ဆွေးနွေးအတည်ပြုပါ။

ငွေပြန်အမ်းနည်းလမ်း

Refund တောင်းဆိုလိုပါက အောက်ပါ Channel များမှတစ်ဆင့် ဆက်သွယ်ပါ — ငွေပေးချေမှု Proof (Payment slip/Receipt) ပါရှိရင် ပိုမြန်ဆန်ပါမယ်။ Refund process ကို ၇ ရုံးဖွင့်ရက် အတွင်း ပြီးမြောက်အောင် ဆောင်ရွက်ပေးပါမယ်။

ဆက်သွယ်ရန်

min@bettermyanmar.com · 09880902558 · Viber · Messenger