← စာအုပ်ဆိုင်
ခံနိုင်ရည်စိတ်ဓာတ်

ခံနိုင်ရည်စိတ်ဓာတ်

Resilience

Antt Bhone Khant Kyaw

16,000 ကျပ်

ယာယီ ကုန်နေပါတယ်

ကုန်သွားပါပြီ


အဆင်မပြေမှုတွေများလာတဲ့အခါ ကိုယ့်ဒုက္ခကိုယ်ရှာတတ်အောင်ကြိုးစားကြည့်ပါ။

ကိုယ့်ဒုက္ခကိုယ်မရွေးချယ်မိတဲ့အခါ ကိုယ် မလိုချင်တဲ့ ဒုက္ခတွေက ကိုယ့်စီတနေ့ တန်းစီ‌ရောက်လာပါလိမ့်မယ်။ ကိုယ်ရှာတဲ့ ဒုက္ခက ကိုယ့်အတွက် ၊ ကိုယ့်ပတ်ဝန်းကျင်အတွက် ၊ လောကအတွက် ပိုကောင်းမွန်ပြီး ပိုအဓိပ္ပါယ်ရှိတဲ့ ဒုက္ခမျိုးဖြစ်ဖို့လိုပါတယ်။

ဉပမာ- ကျန်းမာရေးကို လစ်လျူရှုခဲ့တဲ့ လူတစ်ယောက်အနေနဲ့ ဆေးရုံရောက်ကာမှ ခံစားရမယ့် ဒုက္ခကို ငြီးတွားနေလို့မရပါဘူး ကိုယ်တိုင် က ပိုကောင်းတဲ့ ဒုက္ခကိုမှမရွေးချယ်ခဲ့တာ။

တကယ်တော့ ဘဝဆိုတာ မပြီးပြတ်နိုင်တဲ့ ဂိမ်းပွဲတစ်ခုနဲ့တူပါတယ်။ 
တစ်ခါတလေ ကိုယ်မျှော်လင့်ထားဖူးတဲ့ အခက်ခဲတွေနဲ့ကြုံနိုင်သလို ကိုယ်မမျှော်လင့်ထားတဲ့ အခက်အခဲတွေနဲ့လည်းကြုံနိုင်ပါတယ်။

အခက်ခဲများစွာကို အောင်မြင်စွာကျော်ဖြတ်ပြီးပ Level  တစ်ခုမှာပန်းဝင်သွားတဲ့အခါ နောက်အခက်ခဲများစွာက Next Level မှာ သင့်ကို စောင့်ကြိုနေဦးမှာပါ။
ဒီအတွက် ခံနိုင်ရည်ရှိအောင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

လူတွေဟာခံနိုင်ရည် မရှိတော့အခါ အရာအားလုံးကို လက်လွှတ်ပြီး အရှုံးပေးတတ်ကြပါတယ်။

 

ဒါကြောင့် Resilience ခံနိုင်ရည်စိတ်ဓာတ်ဆိုတဲ့ ဒီစာအုပ်လေးမှာ ဘယ်လိုအခြေနေမျိုးမှာမဆို ကိုယ့်စိတ်ကို တည်ငြိမ်စွာထိန်းချုပ်နိုင်ဖို့၊ အခက်ခဲတွေ ပြဿနာတွေကို ခံနိုင်ရည်ရှိစေဖို့အတွက် ခံနိုင်ရည်စိတ်ဓာတ်နဲ့ပတ်သက်ပြီး အတွေးအမြင်တွေနဲ့ အတွေ့အကြုံတွေဖတ်ရှုရမှာဖြစ်ပါတယ်။




📖 စာမျက်နှာ - ၁၈၅  
 

V