← စာအုပ်ဆိုင်
ငါပီသစွာပဲရှင်သန်သွားတော့မလို့

ငါပီသစွာပဲရှင်သန်သွားတော့မလို့

I Decided To Love As Me

Imi-So

6,500 ကျပ်

ယာယီ ကုန်နေပါတယ်

ကုန်သွားပါပြီ

"ကိုယ်ပီသစွာ ရှင်သန်တယ်ဆိုတာ ကိုယ့်ရဲ့ စံသတ်မှတ်ချက်ကို ထိန်းသိမ်းထားနိုင်တာပါပဲ”
 

ကိုယ်ဟာ ဘယ်လိုလူမျိုးလဲ၊ ဘာကို လိုချင်တာလဲ၊ ဘယ်သူ့ကို ချစ်တာလဲ၊ ဘာအလုပ်ကို လုပ်တာလဲ ဘာကြောင့် ရှင်သန်နေတာလဲဆိုတာတွေကို နားလည်သိရှိနေတာမျိုးပါ။

ကိုယ်ဟာ ဘယ်လိုလူမျိုးလဲဆိုတာသိဖို့ လိုအပ်ပေမဲ့ ကိုယ့်ရဲ့ ရှိရင်းစွဲပုံစံတွေထဲက တစ်ခုခုကို ပြောင်းလဲပစ်လိုက်ဖို့ထိတော့ မလိုပါဘူး။
 

“ငါ” ဆိုတဲ့ ပုံစံခွက်ထဲမှာ အတင်းလှောင်ပိတ်ထားပြီး တစ်ခုခုလေး လွဲချော်သွားတာနဲ့လည်း ကိုယ့်ပုံစံမဟုတ်တော့ဘူးဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်ဖို့ မလိုပါဘူး။
 

စိတ်အေးချမ်းမှူကို ခံစားရတဲ့ အခိုက်အတန့်၊တစ်ခါတစ်လေ အဆင်မပြေမှူတွေရှိနိုင်တဲ့ အခိုက်အတန့်၊ အခြေအနေအရ တစ်ခုခုကို လက်လျှော့လိုက်ရတဲ့ အခိုက်အတန့်၊ တစ်ဖက်သားဆီမှာ ကိုယ့်ရဲ့ပုံစံအသစ်ကို ပြရမယ့် အခိုက်အတန့် စတဲ့ အခြေအနေအမျိုးမျိုးထဲက ကိုယ်ဟာလည်း ကိုယ့်ပုံစံပါပဲ။

အခြေအနေအလိုက် အသွင်အပြင်မျိုးစုံနဲ့ ကိုယ့်ပုံစံကို ကိုယ်တိုင် လက်ခံသွားနိုင်ဖို့က ကိုယ် ပီပီသသနဲ့ ရှင်သန်သွားမယ့်လမ်းကို ဦးတည်တဲ့ ပထမဆုံးလမ်း ဖြစ်ပါတယ်။


📖 စာမျက်နှာ- ၂၆၀

 

V