
ငွေကြေးစီမံမှုအတတ်ပညာ
Financial Literacy
Kyi Thar Maw
17,000 ကျပ်
ယာယီ ကုန်နေပါတယ်
ကုန်သွားပါပြီငွေကိုစီမံနိုင်တဲ့ အသိပညာနဲ့ အရည်အချင်းမရှိရင် ဝင်ငွေမည်မျှပင်ဖြစ်နေပါစေ၊ ငွေနဲ့ပတ်သက်ပြီး ပြဿနာတွေကို ကြုံရနိုင်ပါတယ်။
လူတိုင်း ငွေနဲ့မကင်းကြဘူးဆိုပေမဲ့ ငွေကို ရှာတယ်၊ သုံးတယ် ဒီနှစ်ခုနဲ့ပဲကျင်လည်နေကြတာများပါတယ်။ တကယ်တော့ ငွေရဲ့လုပ်ဆောင်မှုက ဒီနှစ်ခုတည်းတင်မဟုတ်ပါဘူး။ သင့်မှာ ငွေကြေးနဲ့ပတ်သက်တဲ့ဉာဏ်ရှိရင်ရှိသလောက် ချဲ့လို့ရတယ်၊ ဆန့်ထုတ်လို့ရပါတယ်။ ဆိုလိုတာက ငွေကိုတိုးပွားအောင်လုပ်လို့ရတယ်။ ကိုယ့်ရဲ့ကြွယ်၀မှုတိုးပွားလာအောင် ငွေကိုခိုင်းလို့ရပါတယ်။
အဲဒါက သင့်ရဲ့အသက်မွေးဝမ်းကျောင်းပညာတတ်မြောက်မှု၊ ကျွမ်းကျင်မှုပညာတွေနဲ့ တိုက်ရိုက်အချိုးမကျပါဘူး။ အသက်မွေးဝမ်းကျောင်းပညာကနေ ဝင်ငွေရှာလို့ရတာမှန်ပါတယ်။ ကိုယ့်ရဲ့ဝင်ငွေတည်မြဲဖို့၊ ဝင်ငွေတိုးဖို့ ကိုယ့်ရဲ့အရည်အချင်းတိုးတက်ဖို့၊ ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့ Personal Development လည်းလိုပါတယ်။ရလာတဲ့ငွေကို တိုးပွားအောင်နဲ့ ကြွယ်၀အောင်လုပ်ဖို့ကတော့ ငွေကြေးစီမံမှုအတတ်ပညာ (Financial Literacy) ကို နည်းလည်မှသာ အလုပ်ဖြစ်မှာ၊ အောင်မြင်မှာဖြစ်ပါတယ်။
“လူတစ်ဦးဟာ လေးစားအထင်ကြီးလောက်တဲ့ ပညာတတ်၊ အတတ်ပညာတစ်ခုခုမှာကျမ်းကျင်သူ၊ အောင်မြင်နေသူဖြစ်နိုင်ပြီး ငွေကြေးပိုင်းမှာ နားလည်တတ်မြောက်မှုမရှိသူ ဖြစ်နိုင်ပါတယ်။” လို့ Robert Kiyosaki က ပြောပါတယ်။ ဒါကြောင့် သင့်မှာ ငွေကိုစီမံနိုင်တဲ့၊ ခိုင်းနိုင်လောက်တဲ့ အသိပညာနဲ့ အရည်အချင်းမရှိရင် ဝင်ငွေမည်မျှပင်ဖြစ်နေပါစေ၊ ငွေနဲ့ပတ်သက်ပြီး ပြဿနာတွေရှိနိုင်ပါတယ်။
ဆရာမကြည်သာမော် ရဲ့ “ငွေကြေးစီမံမှုအတတ်ပညာ” စာအုပ်ကနေ ကောက်နုတ်ထားတာပါ။
ဒီစာအုပ်မှာ Financial Literacy၊ ငွေချေးစာချုပ်များနှင့် စတော့ရှယ်ယာများ၊ ငွေချေးစာချုပ်နှင့် စတော့ရှယ်ယာများကို Technical ပိုင်းအရ လေ့လာခြင်းဆိုပြီး အပိုင်း ၃ ပိုင်းပါဝင်ပါတယ်။ လူတစ်ဦးချင်းစီအတွက် အခြေခံကျကျအရေးကြီးတဲ့ Financial Planning, Money Management ကနေ ငွေစုခြင်းနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသိသင့်သိထိုက်တာတွေ၊ ရင်းနှီးမြှုပ်နှံမှုလုပ်နိုင်မယ့် Asset Class တွေအကြောင်း၊ ငွေချေးစာချုပ် (Bond) နဲ့ စတော့ရှယ်ယာရင်းနှီးမြှုပ်နှံမှုအသိပညာတွေအထိ လေ့လာဖတ်ရှုရမှာဖြစ်ပါတယ်။
📖 စာမျက်နှာ - ၂၀၄