
ငွေသုံးနည်း အနုပညာ
The art of spending money
Myo Lwin (MBA)
19,000 ကျပ်
✓ ရရှိနိုင်ပါတယ်
ကျွန်တော်တို့တွေဟာ ငွေရှာဖို့ပဲ အသည်းအသန် ကြိုးစားနေကြပေမဲ့ ရလာတဲ့ငွေကို စိတ်ချမ်းသာအောင် ဘယ်လိုသုံးရမလဲဆိုတဲ့ နေရာမှာတော့ လမ်းပျောက်နေတတ်ကြတယ် မဟုတ်လား။
ငွေကြေးဆိုတာ ကျွန်တော်တို့ရဲ့ ဘဝကို ပိုကောင်းအောင် ဖန်တီးပေးနိုင်တဲ့ ကိရိယာတစ်ခုဖြစ်ရမယ့်အစား တခြားသူတွေနဲ့ နှိုင်းယှဉ်ပြိုင်ဆိုင်ဖို့ အဆင့်အတန်း ပေတံတစ်ခုလို သုံးမိနေတဲ့ အမှားတွေလုပ်မိနေပြီလား။
ဒီစာအုပ်လေး မှာဆိုရင် ငွေကြေးကြောင့် စိတ်ဖိစီးမှုတွေ၊ စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးတွေ ကြုံတွေ့နေရသူတွေ၊ ကိုယ့်ရဲ့ သုံးစွဲမှုအလေ့အထကို ပြန်လည် ဆန်းစစ်ချင်သူတွေနဲ့ စစ်မှန်တဲ့ ဘဏ္ဍာရေးဆိုင်ရာ လွတ်လပ်မှုကို နားလည်ချင်တဲ့ သူငယ်ချင်းတို့အားလုံးအတွက် ငွေသုံးစွဲတဲ့နည်းလမ်းက ပုံသေနည်းတွေနဲ့ တွက်ချက်ရတဲ့ အတတ်ပညာထက် မိမိရဲ့ လောဘ၊ မနာလိုစိတ်၊ နောင်တနဲ့ မျှော်လင့်ချက်တွေအပေါ် မူတည်နေတဲ့ စိတ်လှုပ်ရှားစရာ အနုပညာတစ်ရပ် ဖြစ်မှန်းကိုလည်း နားလည်သွားမှာပါ။
စာရေးဆရာ Morgan Housel ရဲ့ လက်ရာအသစ်ဖြစ်တဲ့ ‘The Art of Spending Money’ ဆိုတဲ့ စာအုပ်ကောင်းလေးကို ဆရာမျိုးလွင် (MBA) က အကောင်းဆုံး ဘာသာပြန်ဆိုပေးထားပြီး လက်ရှိမှာလည်း နိုင်ငံတကာ ရောင်းအားအကောင်းဆုံး စာရင်းဝင်နေတဲ့ စာအုပ်ဖြစ်ပါတယ်။
စာမျက်နှာ - 279