← စာအုပ်ဆိုင်
စတုတ္ထ စက်မှုတော်လှန်ရေး၏စိန်ခေါ်မှုများ

စတုတ္ထ စက်မှုတော်လှန်ရေး၏စိန်ခေါ်မှုများ

Fourth Satmhu Tawhlanyay Sainkhawmhu

Zaw Win Kyu

8,000 ကျပ်

✓ ရရှိနိုင်ပါတယ်

 

ခေါင်းစဉ်ကြောင့် အင်မတန်မှလေးလေးပင်ပင်ကြီးဖြစ်မယ့် စာအုပ်လို့ထင်လိုက်ရင်တော့ မှားပါလိမ့်မယ်။

 တကယ်တမ်းက နေ့စဉ်လူမှုဘဝတွေထဲ တိုးဝင်နေရာယူလာတဲ့ အင်တာနက်ချိတ်ဆက် နည်းပညာမြင့် ပစ္စည်းအမျိုးမျိုးကစလို့ စာဖတ်သူနဲ့ ရင်းနှီးပြီးသား နည်းပညာ အကြောင်းအရာတွေကို ပြန်လည်ဆွေးနွေးပေးထားပါတယ်။

နည်းပညာကြောင့် ပြောင်းလဲသွားမယ့် စီးပွားရေးအနေအထားတွေနဲ့ ဈေးကွက်တွေကို စိတ်ဝင်တစားကြိုတင်ပြင်ဆင်ချင်သူတွေတိုင်း၊ လူပြောများနေတဲ့ Industrial Revolution 4.0 အကြောင်း အသေးစိတ် သိချင်သူတွေတိုင်း ဖတ်သင့်တဲ့ စာအုပ်ဖြစ်ပါတယ်။ 

စတုတ္ထစက်မှုတော်လှန်ရေးအပေါ်  ခြုံငုံသုံးသပ်ချက်၊ 

ပြောင်းလဲသွားတဲ့ အဓိက နည်းပညာတွေ၊ 

စက်မှုတော်လှန်ရေးရဲ့ အကျိုးသက်ရောက်မှုနဲ့ 

တော်လှန်ရေးက ဖြစ်ပေါ်စေတဲ့ မူဝါဒပိုင်းဆိုင်ရာ စိန်ခေါ်မှုတစ်ချို့ထဲကို နက်နက်ရှိုင်းရှိုင်းဝင်ကြည့်မှုတွေကိုဒီစာအုပ်ထဲမှာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

နည်းပညာဟာ ထိန်းချုပ်လို့မရတဲ့ ပြင်ပကလာတဲ့ အင်အားစု တစ်ခုမဟုတ်ပါဘူး။

 “လက်ခံပြီး အဲ့ဒီနည်းပညာနဲ့ နေဖို့” ဒါမှမဟုတ် “ငြင်းပယ်ပြီး အဲ့ဒီနည်းပညာမရှိဘဲ နေဖို့”ဆိုတဲ့ တစ်ခုရွေးချယ်ခိုင်းတဲ့ သဘောပါ။ လူတွေ ကိုယ်တိုင် အံသြဖွယ်ကောင်းတဲ့ နည်းပညာပြောင်းလဲမှုကြောင့် ကမ္ဘာကြီးကိုဘယ်လိုမြင်တယ်ဆိုတာနဲ့ ပတ်သက်ပြီး လေးလေးနက်နက်စဉ်းစားဖို့အကြောင်းအရာတွေကို လေ့လာရမှာပဲဖြစ်ပါတယ်။ 

ပြောင်းလဲခာတဲ့ နည်းပညာနဲ့ လူ့အဖွဲ့အစည်းအတူယှဉ်တွဲနေထိုင်မယ့်နည်းလမ်းတွေကို အလေးထားဖော်ပြပေးထားတဲ့ စာအုပ်ပဲဖြစ်ပါတယ်။


📖 စာမျက်နှာ - ၁၉၅ 

V