← စာအုပ်ဆိုင်
စီးပွားရေးကျောင်း သွားစရာမလိုတဲ့ စီးပွားရေးပညာ

စီးပွားရေးကျောင်း သွားစရာမလိုတဲ့ စီးပွားရေးပညာ

The personal MBA

Myo Lwin (MBA)

22,500 ကျပ်

✓ ရရှိနိုင်ပါတယ်

"စီးပွားရေးလောကထဲ ခြေလှမ်းစဖို့ MBA ဘွဲ့ကြီးတွေ ရထားမှ ဖြစ်မှာပါလို့ တွေးပြီး လက်တွန့်နေသလား"

 

လုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာ စာအုပ်ကြီးအတိုင်း သီအိုရီတွေအများကြီး သိနေရုံနဲ့ မလုံလောက်ပါဘူး။ 

ဒီကနေ့ခေတ်မှာ တကယ်လိုအပ်တာက သာမန်တွေးတောတတ်တဲ့အသိထက် နည်းနည်းလေးပိုရှိဖို့၊ 

ရိုးရိုးသင်္ချာတွက်ချက်မှု တတ်ဖို့နဲ့ အခြေခံကျတဲ့ လုပ်ငန်းသဘောတရားတွေကို ပိုင်ပိုင်နိုင်နိုင် နားလည်ထားဖို့ပဲ ဖြစ်ပါတယ်။ 

 

အချိန်တိုတိုအတွင်းမှာ အရေးအကြီးဆုံး စီးပွားရေးလုပ်ငန်းဆိုင်ရာ ခြုံငုံသုံးသပ်ချက်တွေကို အလွယ်ကူဆုံး စကားလုံးတွေနဲ့ နားလည်သဘောပေါက်သွားပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်တော့မယ်ဆိုရင် ဘယ်အရာက မရှိမဖြစ် အရေးအကြီးဆုံးလဲဆိုတာကို အာရုံစိုက်ပြီး စဉ်းစားချင့်ချိန်တတ်တဲ့ အသိဉာဏ်အလင်းကို ရရှိစေမှာပါ။ 

 

လုပ်ငန်းခွင်ထဲမှာ ရုန်းကန်နေရသူတွေ၊ ကိုယ်ပိုင်စီးပွားရေး စတင်ချင်တဲ့ လုပ်ငန်းရှင်အသစ်စက်စက်တွေနဲ့ ကုမ္ပဏီအမှုဆောင်အရာရှိတွေအပြင်၊ စီးပွားရေးလောကထဲကို ဘယ်နေရာကနေ စရမှန်းမသိဖြစ်နေတဲ့ သူတိုင်းအတွက် မရှိမဖြစ် ဖတ်ရှုသင့်တဲ့ လမ်းပြမြေပုံကောင်းလေးတစ်ခု ဖြစ်ပါတယ်။

 

စာမျက်နှာ - 349

 

 

 

V