← စာအုပ်ဆိုင်
စီးပွားရေး လုပ်ငန်းစတင်ခြင်းနှင့် တိုးတက်အောင်မြင်ရေး မဟာဗျူဟာများ

စီးပွားရေး လုပ်ငန်းစတင်ခြင်းနှင့် တိုးတက်အောင်မြင်ရေး မဟာဗျူဟာများ

Strategies for Business Growth

Kaung Hein Soe (Strategic)

16,000 ကျပ်

ယာယီ ကုန်နေပါတယ်

ကုန်သွားပါပြီ

ကိုယ်ပိုင်စီးပွားရေးတစ်ခုလုပ်ဖို့ ရည်ရွယ်ထားရင် စီးပွားရေးလုပ်ဖို့ “လွယ်သလား ခက်သလား” ဆိုတဲ့ မေးခွန်းရဲ့အဖြေကို စိတ်ဝင်စားကြမယ်ထင်ပါတယ်။

 

ဘယ်စီးပွားရေးလုပ်လုပ် Risk, Safety, Profit ဆိုပြီး ရှိပါတယ်။ 

Safety ဆိုတာက မိမိရင်းနှီးမြှုပ်နှံမှုလုပ်လိုက်မယ့် ငွေကြေးအရင်းအနှီး မပျောက်မပျက်ဘဲရှိနိုင်ခြေကို ဆိုလိုတာဖြစ်ပါတယ်။ 

Profit ကတော့ အကျိုးအမြတ်ဖြစ်ပြီး Risk ကတော့ လုပ်ငန်းကျဆုံးနိုင်ခြေ၊ ရင်းနှီးငွေဆုံးနိုင်ခြေလို သတ်မှတ်နိုင်ပါတယ်။

အဲဒီမှာ Safety က Profit နဲ့ ပြောင်းပြန်အချိုးကျပါတယ်။ Safety ဖြစ်လွန်းရင် အမြတ်နည်းပါမယ်။ မိမိပိုက်ဆံဆုံးရှုံးဖို့ မရှိသလောက် တအားကို Safe ဖြစ်နေမယ်ဆိုရင် သေချာတာကတော့ အမြတ်ရဖို နည်းမှာဖြစ်ပါတယ်။ 

 

 ဒီစာအုပ်မှာ 

- ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ခြင်း၊ 

- စီးပွားရေးမဟာဗျူဟာနဲ့ 

- လုပ်ငန်းများနှင့် ကြွေးမြီ ဆိုတဲ့ အပိုင်း ၃ ပိုင်း ပါဝင်ပါတယ်။ 

 

စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်း၊ လုပ်ငန်းတစ်ခုတိုးချဲ့ခြင်း၊ လုပ်ငန်း Growth ဖြစ်ဖို့အတွက် မဟာဗျူဟာတွေ၊ လုပ်ငန်းမှာ အလေအလွင့်တွေလျှော့ချပြီး အမြတ်တိုးတက်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့နည်းလမ်းတွေ၊ စျေးကွက်မှာ ကိုယ့်လုပ်ငန်းရဲ့အားသာချက်တွေဖန်တီးနိုင်မယ့် Strategy တွေ၊ စီးပွားရေးလုပ်ငန်းတွေမှာ သတိပြုသင့်တဲ့ ကြွေးမြီတွေအကြောင်း စသဖြင့် ဖတ်ရှုရမှာဖြစ်ပါတယ်။
 

📖 စာမျက်နှာ - ၂၇၀  
 

V