← စာအုပ်ဆိုင်
ဆက်ရန်မရှိတော့ပါ

ဆက်ရန်မရှိတော့ပါ

Not To Be Continued

Mon Halsey

6,000 ကျပ်

✓ ရရှိနိုင်ပါတယ်

မိမိတို့ချစ်ခင်ရသူမှန်သမျှနှင့်တစ်နေ့တော့ သေကွဲဖြစ်စေရှင်ကွဲဖြင့်ဖြစ်စေ

ခွဲခွာရလိမ့်မည်။

ဘဝမှာကိုယ်ချစ်သောသူတွေနှင့်ဘယ်လောက်ကြာကြာနေဖို့ အကြောင်းပါလာသလဲ

ဘယ်သူမှမသိနိုင်၊

ဒီနေ့တွေ့လိုက်ရတာသည်ပင်လျှင်နောက်ဆုံးဖြစ်သွားနိုင်သည်

ချစ်နိုင်သမျှပို၍ချစ်ရမည်။

နေခွင့်ရသမျှအချိန်ကို

အကောင်းဆုံးဖြစ်အောင်နေရမည်။
 

အချစ်ဆိုတာ တောင်းတိုင်းရကောင်းသော အရာမဟုတ်ပေ။
 တစ်စုံတစ်ယောက်ကို ကိုယ်က ဘယ်လောက်ပင်ချစ်ချစ်၊ သူကိုယ့်ကို ဆတူပြန်ချစ်လာဖို့ဆိုတာက မျှော်လင့်ရုံလောက်သာ တတ်နိုင်သည်။
 သားသမီးပေါ်မှာပဲဖြစ်ဖြစ်၊ အိမ်ထောင်ဖက်ပေါ်မှာပဲဖြစ်ဖြစ် ချစ်ချင်သပဆိုလျှင် ကိုယ်ချစ်နိုင်သမျှ ချစ်ပေးလိုက်ဖို့ပါပဲ။ သူတစ်ဘက်သားဆီက တုံ့ပြန်မှုရဖို့ဆိုတာက သူတို့ အလိုအတိုင်းသာလျှင် ဖြစ်၏။ 
မျှော်လင့်ချက်တွေ ထားနေရသမျှ ပင်ပန်းမှုတွေနှင့်သာ အဆုံးသတ်သွားရတတ်သည်။
 (စာအုပ်ကောက်နှုတ်ချက်လေး ဖြစ်ပါတယ်)


မွန်ဟော်စီရဲ့ လက်ရာ စာအုပ်ကောင်းတွေ နှစ်သက်စွဲလမ်းဖတ်ရှုသူတွေအတွက်တော့ အသစ်ထွက်စာအုပ်လေးက စာဖတ်သူရဲ့ နှလုံးသားကို ညွှတ်နူးသိမ်းပိုက်မယ့် ရသစာအုပ်ကောင်းလေးတစ်အုပ်ဆိုတာ သေချာလှပါတယ်….


📖 စာမျက်နှာ - ၁၉၈

 

V