← စာအုပ်ဆိုင်
ဆက်ရန်ရှိသေးသည်

ဆက်ရန်ရှိသေးသည်

To Be Continued

Mon Halsey

6,000 ကျပ်

✓ ရရှိနိုင်ပါတယ်

အရာအားလုံးပြည့်စုံပြီး အပြစ်ကင်းတဲ့ လူသားရယ်လို့မရှိပါဘူး။ မထင်မှတ်ထားတဲ့ ဘဝရဲ့အချိုးအ‌ကွေ့တွေမှာ အခက်ခဲအမျိုးမျိုးနဲ့တွေ့ကြုံရပြီး လူသားဆန်စွာနဲ့အမှားတွေကို လုပ်မိကြတတ်ပါတယ်။

ဒီစာအုပ်မှာလည်း ဇာတ်ကောင်ရဲ့ ဘဝဟာ အရာရာ အပြစ်ကင်းစင်ပြီး နေသားတကျတည်ငြိမ်နေတဲ့ ဘဝမဟုတ်ပါဘူး။ စိတ်အားဖြင့်လည်းကောင်း၊ ကိုယ်အားဖြင့်လည်းကောင်း၊ အမြဲလှုပ်ခတ်နေသော ဘဝမျိုးပါ။ ဒါကြောင့် စာရေးသူက ဇာတ်ကောင်ကို စိတ်ဝင်စားစဖွယ်ဖြစ်အောင်ဖန်တီးရေးဖွဲ့ထားပါတယ်။


စာရေးသူကဇာတ်ကောင်ကို အသက်သွင်းမွေးမြူဖန်တီးတဲ့အခါ  သူသူငါငါ လူသတ္တဝါတွေစိတ်ထဲမှာ တိတ်တခိုးကျူးလွန်နေမိတတ်ကြတဲ့ အမှားတွေကို  ပေါ်ပေါ်တင်တင် မှားယွင်းပြရဲခဲ့သူအနေနဲ့ ဖော်ပြခဲ့ပါတယ်။ 

အမှားကျူးလွန်မိတဲ့ လူတစ်ယောက်အနေနဲ့ ဝန်ခံတယ်၊ ပြုပြင်တယ်၊ရှေ့ဆက်ပြီး  အပြစ်အနာအဆာတွေရှိတဲ့ ဇာတ်ကောင်အနေနဲ့ တွေ့ရပြီး  အမှားတွေက သင်ခန်းစာယူတတ်ဖို့၊ကိုယ်တိုင်လည်း သူ့လို မှားခဲ့မိတယ်ဆိုရင် ပြန်လည်ပြင်ဆင်နိုင်ဖို့အတွက်  ခွန်အားယူနိုင်မှာပါ။

စာဖတ်သူတွေအနေနဲ့ အမျိုးစုံ ဝိဝါဒကွဲပြားနိုင်ပေမဲ့ ဒါဟာ ဝတ္ထုစာအုပ်လို့တော့ သဘောပေါက်နားလည်းပေးစေချင်ပါတယ်။ perfect ဖြစ်တဲ့ ဇာတ်ကောင်တွေချည်းပဲဆိုရင် ဒီဝတ္ထုလည်း ဖြစ်လာစရာအကြောင်းမရှိပါဘူး။

V