← စာအုပ်ဆိုင်
တိမ်မြုပ်နေသော စွမ်းရည်

တိမ်မြုပ်နေသော စွမ်းရည်

Hidden Potential

Myo Lwin (MBA)

19,500 ကျပ်

✓ ရရှိနိုင်ပါတယ်

“သင်ဘယ်နေရာက စသလဲဆိုတာ အရေးမကြီးပါဘူး၊ သင်ဘယ်လောက်ဝေးဝေး သွားသလဲဆိုတာကပဲ ပိုအရေးကြီးပါတယ်။"


ကျွန်တော်တို့အားလုံးမှာ တိမ်မြုပ်နေတဲ့ စွမ်းရည်တွေ၊ အစွမ်းအစတွေ၊ အလားအလာ ကောင်းတွေရှိနေကြပါတယ်။ ဒီအားသာချက်တွေကို ဘယ်လိုသိအောင်လုပ်မလဲ၊ ဘယ်လိုအသုံးချမလဲ ဆိုတဲ့အပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် အခြေအနေတွေကွဲပြား ခြားနားသွားကြတာ ဖြစ်ပါတယ်။


လူတွေရဲ့အရည်အချင်းဟာ မွေးရာပါဖြစ်တယ်၊ တစ်သက်တာမပြောင်းတော့ဘူးဆိုတဲ့ အယူအဆမှားယွင်းမှုကြောင့် အကျိုးဆက်တွေကလည်း အမျိုးမျိုးဖြစ်နေကြတာဖြစ်ပါတယ်။ အရည်အချင်းဆိုတာ တိုးတက်အောင်အမြဲတမ်းလုပ်ယူလို့ရတယ်၊သင်ယူလေ့လာလို့ရတယ်ဆိုတဲ့အကြောင်း ဒီစာအုပ်ထဲမှာ အခိုင်အမာဆိုထားပါတယ်။


တိုးတက်ပြောင်းလဲဖို့အတွက် စာရိတ္တစွမ်းရည် (Character Skills) ရဲ့အရေးပါမှု၊ အပြောင်းအလဲလုပ်ဖို့ သင်ယူတဲ့အခါ မသက်မသာဖြစ်မှု (Discomfort) ကို လက်ခံရမယ်ဆိုတာတွေကို တိုက်တွန်းထားပါတယ်။

ထူးခြားတဲ့အချက်တစ်ခုက လူသားရေမြှုပ်ဆိုပြီး အမည်ပေးထားတဲ့အခန်းပါ။ ရေမြှုပ်မှာရှိတဲ့ ဂုဏ်သတ္တိတွေထဲမှာ လူတွေအတုယူရမှာက စုပ်ယူနိုင်စွမ်း (မှတ်သားနိုင်စွမ်း)နဲ့ လိုက်လျောညီထွေဖြစ်နိုင်စွမ်း၊ ဒူပေနာပေခံနိုင်စွမ်း (ဘယ်လောက်ပဲနာနာညှစ်ထားပေမဲ့ လွှတ်လိုက်ရင် မူလပုံစံအတိုင်းဖြစ်ရောက်သွားနိုင်စွမ်း) တွေဆိုတာလည်း ရေးသားထားပါတယ်။


ဘဝမှာ အတားအဆီးအမျိုးမျိုးကျော်လွှားနိုင်ဖို့အတွက် ယာယီအထောက်အပံ့ ငြမ်း (Scaffolding) တွေ ဖန်တီးပေးဖို့လိုတဲ့အကြောင်းကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ တစ်ခုခုလုပ်ဆောင်တဲ့အခါ ခြောက်ပြစ်ကင်းသဲလဲစင် Perfect ဖြစ်ဖို့ထက် အလုပ်ဖြစ်တဲ့နည်းလမ်းကို ရွေးဖို့လည်း မှတ်သားရပါတယ်။ အပြစ်အနာအဆာမကင်းတာကိုက အနုပညာတစ်ခုပါတဲ့။


ကိုယ့်မှာရှိတဲ့တိမ်မြုပ်နေတဲ့ စွမ်းရည်တွေ၊ တခြားသူတွေမှာရှိတဲ့ ဖုံးကွယ်နေတဲ့အစွမ်းအစတွေကို သဘောပေါက်စေမယ့်အပြင် ဒီစွမ်းရည်တွေကို ဘယ်လိုဖော်ထုတ်ရမလဲနဲ့ ပြောင်းလဲပစ်ရမယ့်အရာတွေကို လမ်းညွှန်ပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

 📖 စာမျက်နှာ - ၂၉၀

V