← စာအုပ်ဆိုင်
ထင်ရှားသူတို့၏ ဘဝပုံပြင်

ထင်ရှားသူတို့၏ ဘဝပုံပြင်

Their Stories

Nine Nine Sanay

7,000 ကျပ်

✓ ရရှိနိုင်ပါတယ်

ကမ္ဘာတစ်၀န်းက ထင်ရှားကျော်ကြားသူများရဲ့ ဘ၀ခရီး ပုံပြင်များစွာကို စုစည်းထားတဲ့စာအုပ်


သောမတ်စ်အက်ဒီဆင် ၊ အေဘရာဟမ်လင်ကွန်း ၊ ဂျော့ခ်ျဝါရှင်တန် ၊ ခိုက်ဖူလီ ၊ စတီဖင်ဟော့ကင်း၊ ဟန်ခရစ်ရှန်အန်ဒါဆင် ၊ အားနက်ဟဲမင်းဝေးတို့လို ထင်ရှားသူတွေဟာ ဘယ်လို အခက်အခဲ အတားအဆီးတွေ ကြုံခဲ့ရလဲ . . . အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိဖို့ သူတို့ ဘယ်လိုတွေ ကြိုးစားခဲ့ရလဲ။


သက်ဆိုင်ရာနယ်ပယ် အသီးသီးမှာ အောင်မြင်ကျော်ကြားခဲ့ကြတဲ့ ကမ္ဘာကျော် လူပုဂ္ဂိုလ်တို့ဟာ လွယ်လွယ်ကူကူနဲ့ အောင်မြင်ခဲ့ကြတာတော့ မဟုတ်ပါဘူး။


သေချာတာကတော့ အခက်အခဲတွေ ၊ အတားအဆီးတွေကြားမှာ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့အတူ ယုံကြည်မှုပန်းတိုင်တစ်ခုအတွက် တစိုက်မတ်မတ် ကြိုးစားခဲ့ကြလို့သာ အောင်မြင်မှု ပန်းတိုင်ကို ရောက်ခဲ့ကြရတာပါ ။ ထင်ရှားကျော်ကြားတဲ့ ကမ္ဘာကျော်ကြီးတွေ ဖြစ်ခဲ့ကြတာပါ။


ဒီလို ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေရဲ့ အကြောင်းအရာတွေ နဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယရှိမှု၊ ယုံကြည်ချက်၊ စိတ်နေစိတ်ထားစတာတွေကို ဒီစာအုပ်မှာ စုစည်းထားပါတယ်။

📖 စာမျက်နှာ - ၁၈၄

V