← စာအုပ်ဆိုင်
နိယာမ

နိယာမ

Same as Ever

Dr. Phyo Min Tun

15,000 ကျပ်

ယာယီ ကုန်နေပါတယ်

ကုန်သွားပါပြီ

အနာဂတ်အတွက် အစီအမံတွေရေးဆွဲကြတဲ့အခါ ကျွန်တော်တို့ မကြာခဏ မေးတတ်တာရှိပါတယ်။
" လာမယ့်နှစ်မှာ စီးပွားရေးက ဘယ်လိုဖြစ်လာမလဲ။ " ဒါမှမဟုတ် “ နောက်လာမယ့် ဆယ်နှစ်မှာ ဘာတွေကွာခြားသွားမှာလဲ။ ” ဒါပေမယ့် ကြိုတင်ခန့်မှန်းရတာ ခက်ပါတယ်။ အနာဂတ်ကို ပုံဖော်ပေးမယ့် အရေးကြီးတဲ့ အဖြစ်အပျက်များကို ပင်ကိုအားဖြင့် မှန်းဆလို့မရပါဘူး။

အဲဒီအစား အခြားမတူတဲ့ မေးခွန်းကို ကျွန်တော်တို့ ပြောင်းမေးသင့်ပါတယ်။

"အခုကနေစပြီး နောက်လာမယ့် ဆယ်နှစ်မှာ မပြောင်းလဲတာ ဘာတွေဖြစ်မလဲ။"

"အခုကနေစပြီး နောက်လာမယ့် နှစ်တစ်ရာမှာရော မပြောင်းလဲတာ ဘာတွေဖြစ်မလဲ။"

ကြိုတင်မသိနိုင်တဲ့ အနာဂတ်အတွက် ဘယ်တော့မှ မပြောင်းလဲတဲ့ အသိပညာများဟာ မသေချာမရေရာတဲ့ ခန့်မှန်းချက်များထက် ပိုအသုံးဝင်ပြီး ပိုအရေးကြီးပါတယ်။ " နိယာမ " စာအုပ်ထဲမှာ ရောင်းအားအကောင်းဆုံး စာရေးဆရာ Morgan Housel က ဘဝ ၊ အမူအကျင့် နှင့် စီးပွားရေးများဟာ အမြဲတမ်းအတူတူပဲဆိုတာကို ဇာတ်လမ်းတို ၂၃ ခုဖြင့် ဝေမျှထားပါတယ်။


ဘယ်တော့မှ မပြောင်းလဲသော အသိပညာများကို စွဲကိုင်ထားမယ်ဆိုရင် စွန့်စားမှု ၊ အခွင့်အလမ်း ၊ မသေချာမရေရာတဲ့ အနာဂတ်တွေမှာ လမ်းကြောင်းရှာတာနှင့် ပတ်သက်ပြီး သင့်မှာ တွေးခေါ်နိုင်စွမ်းအသစ်တွေ အားကောင်းလာပါလိမ့်မယ်။ ရင်းနှီးပြီးသား အကြောင်းအရာ ၊ အဖြစ်အပျက်တွေကို လာမယ့်နှစ်တွေမှာ ထပ်ခါထပ်ခါ မြင်တွေ့ရတိုင်း သင် ခေါင်းတငြိမ့်ငြိမ့်နဲ့ ပြောမိပါလိမ့်မယ်။

" သြော် ၊ နိယာမ ပါပဲ။ " 

Dr. Phyo Min Tun မြန်မာပြန်သည်။

အထူးခံစားခွင့် -  အနှစ်ချုပ်  နံရံကပ် ပိုစတာ  
📖 စာမျက်နှာ - ၂၈၈
 

V