← စာအုပ်ဆိုင်
ပျော်ရွှင်တဲ့ အပြုံးပွင့်ဖန်ဆင်းခြင်း

ပျော်ရွှင်တဲ့ အပြုံးပွင့်ဖန်ဆင်းခြင်း

PyawShwintae AphyonePwint Phansinchin

Nine Nine Sanay

6,500 ကျပ်

✓ ရရှိနိုင်ပါတယ်

လူတစ်ယောက်ဟာ အတွင်းစိတ်က ပြုံးနိုင်မှ သူ့ဝန်းကျင်က လူတွေကို အပျော်တွေ ကူးဆက်စေမှာဖြစ်တယ်။


အပြုံးဟာ နွေရာသီရဲ့ လေနွေးလို လူ့စိတ်ကို နွေးထွေးစေတယ်။ အပြုံးဟာ ဆောင်းရာသီရဲ့ နေရောင်ခြည်လို တင်းမာတဲ့ လူ့စိတ်ကို ပျော့ပျောင်းစေတယ်။ အပြုံးဟာ ရိုးသားမှုကို မျက်နှာပေါ် ထင်ဟပ်စေတယ်။

အပြုံးက ဘယ်တော့မှာ မညိုးနွမ်းတတ်တဲ့ ပန်းတစ်ပွင့်ဖြစ်တယ်။ ဥတုရာသီမရွေး၊နေရာဒေသမရွေး ဖူးပွင့်နိုင်တယ်။


ဖြူစင်ရိုးသားတဲ့စိတ်က ပိုလှတဲ့အပြုံးကို ဖူးပွင့်နိုင်တယ်။ တစ်ဖက်သားကို အပြုံးပန်းတစ်ပွင့်ပေးတာဟာ တစ်ဘက်သားကို လေးစားစိတ်၊ နားလည် ယုံကြည်စိတ်တွေ ဖြစ်စေတယ်။

အပြုံးကိုနေရာအနှံ့ ကျဲဖြန့်နိုင်ခဲ့ရင် ပျော်ရွှင်ခြင်းနဲ့ ကံကောင်းခြင်းက ကိုယ့်အနားကို အလိုလိုနဲ့ရောက်လာနိုင်ပါတယ်။


အထက်ပါ စာလေးက " ပျော်ရွှင်တဲ့ အပြုံးပွင့် ဖန်ဆင်းခြင်း " ဆိုတဲ့ စာစုလေးထဲက စာပိုဒ်လေးတစ်ပိုဒ် ဖြစ်ပါတယ်။ ဒီစာအုပ်လေးထဲမှာတော့ ဘဝဖြတ်သန်းရာမှာ လိုအပ်တဲ့ စိတ်ခွန်အားဖြည့် စာစု ၃၂ပုဒ် ပါဝင်ပါတယ်။

📖 စာမျက်နှာ - ၁၅၂

V