← စာအုပ်ဆိုင်
မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ခြင်း

မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ခြင်း

Believe in Yourself

Dr. Moe

14,000 ကျပ်

✓ ရရှိနိုင်ပါတယ်

ကိုယ့်ကိုယ်ကိုယ် ဂုဏ်မယူမရမချင်း မရပ်လိုက်ပါနဲ့။

 

မကြိုးစားရင် ၊ ရှေ့ဆက်မတိုးဘူးဆိုရင် နောင်နှစ်အနည်းငယ်အကြာမှာ အခုထက် နှစ်ဆပိုပင်ပန်းရလိမ့်မယ်။

ပြောင်းလဲချင်တယ်ဆိုရင် အချိန်တွေကို အကျိုးရှိအောင် အသုံးချဖို့ လိုတယ်။ တိုးတက်ဖို့ ရွေးချယ်ထာတယ်ဆိုရင် အဆုံးထိရောက်အောင် လျှောက်မယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားဖို့ လိုအပ်ပါတယ်။

နောက်တစ်ချက်က ကိုယ့်အတွေးတွေကို အလေးထားပါ။ 

အတွေးတွေက ကိုယ့်ဘဝရဲ့  အရည်အသွေးကို  အဆုံးအဖြတ်ပေးပါတယ်။

အဆိုးတွေတွေးရင် ကိုယ့်ကို အဆိုးမြင်စိတ်တွေ ဖန်တီးပေးလိမ့်မယ်။ အပြုသဘောဆောင်တဲ့ အတွေးတွေက အပြုသဘောဆောင်တဲ့ အမှန်တရားတွေကို ဖန်တီးပေးပါလိမ့်မယ်။ 

အတွေးတွေအတွက် ကိုယ်တိုင်မှာပဲ တာဝန်ရှိပါတယ်။
အတွေးတွေကို ထိန်းချုပ်နိုင်မယ့်သူဟာ ကိုယ်တိုင်ပါပဲ။ အတွေးတွေကို ပြောင်းပြီး ဘဝကို ပြောင်းလဲပါ။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာရင် နေ့စဉ်ဘဝမှာ အကျိုးအများကြီးရှိလာမှာပါ။

ဒီစာအုပ်က ကိုယ်တိုင်ယုံကြည်မှုတွေ ပိုတိုးလာဖို့ ကိုယ့်အားသာချက်တွေ၊ မတူညီတဲ့ အရည်အချင်းတွေကို အာရုံစိုက်ရမယ့် အရေးကြီးတဲ့ အချက်တွေ၊ အကြောက်တရားတွေကြောင့် လုပ်သင့်တာတွေကို မရပ်တန့်လိုက်ဘဲ အကောင်းမြင်စိတ်တွေ ပိုမြင်နိုင်လာပြီး အောင်မြင်တဲ့သူတစ်ဦးဖြစ်လာဖို့ အထောက်အပံ့ပေးမယ့် စာအုပ်ကောင်း တစ်အုပ်ပဲဖြစ်ပါတယ်။


📖 စာမျက်နှာ - ၁၇၀
 

V