← စာအုပ်ဆိုင်
ရက် ၁၀၀ ရဲ့ ဒိုင်ယာရီ

ရက် ၁၀၀ ရဲ့ ဒိုင်ယာရီ

Yet 100 Yae Diary

Nine Nine Sanay

6,500 ကျပ်

✓ ရရှိနိုင်ပါတယ်

တစ်ခါတလေ ဘဝမှာ ကိုယ့်ကိုယ်ကိုယ်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပိတ်မိပြီး မွန်းကျပ်လှောင်ပိတ်နေတဲ့ အခိုက်အတန့်တွေ ရှိဖူးကြမှာပါ။


ဒီစာအုပ်လေးက သင့်ရဲ့ စိတ်ကလေးကို နှစ်သိမ့်ပေးနိုင်မယ့်၊ ဖြေလျော့ပေးနိုင်မယ့် စာအုပ်လေး တစ်အုပ်ပဲဖြစ်ပါတယ်။


" ဒါက နွေနေ့တစ်နေ့လည်း ဖြစ်မယ်

ဆောင်းနေ့တစ်နေ့လည်း ဖြစ်မယ်

ဘာပဲဖြစ်ဖြစ်ပေါ့ ..

နေရောင်ခြည်နဲ့ ဖြုန်းတီးလို့ရတဲ့

အချိန်တိုလေးတစ်ခု ငါတို့မှာ ရှိတယ် "


ဒီအရေးအသားလေး ကြည့်လိုက်တာနဲ့တင် ဒီစာအုပ်လေးက ဘယ်လိုစာအုပ်မျိုးလေး ဖြစ်မယ်ဆိုတာကို ခန့်မှန်းမိကြမယ် ထင်ပါတယ်။


ဒီစာအုပ်လေးထဲမှာ စာတွေသိပ်မများတာကြောင့် ပေါ့ပေါ့ပါးပါး ဖတ်လို့ရပြီး ဆယ်ကျော်သက်အရွယ်တွေနဲ့ စာဖတ်ကျင့်မွေးမယ့် လူငယ်တွေအတွက် သင့်တော်ပါတယ်။

 


📖 စာမျက်နှာ - ၁၁၂

V