← စာအုပ်ဆိုင်
ရှေ့ဆက်သွားပါ

ရှေ့ဆက်သွားပါ

Keep on Going

Sue Sha May

4,500 ကျပ်

ယာယီ ကုန်နေပါတယ်

ကုန်သွားပါပြီ

အောင်မြင်ချင်တယ်ဆိုရင် ဘယ်လို အခက်အခဲနဲ့ပဲ ကြုံကြုံ ရှေ့ဆက်သွားပါ။


"ဖြစ်လာတာဟာ ရလဒ် မဟုတ်သလို

အဆုံးသတ်လည်း မဟုတ်ပါဘူး ..

နောက်ဆုံး လိုချင်တဲ့ ပန်းတိုင်အထိတော့

ခရီးဆက်နေလိုက်ပါဦး ..

ရှေ့ဆက်သွားနေသမျှ

ခင်ဗျား လိုချင်တဲ့ ပန်းတိုင်ကို

‌ ရောက်မှာဖြစ်ပါတယ် ..

လုံးဝသေချာပါတယ် ... "


လောကဓံဆိုတာ လူတစ်ယောက်အတွက် လောကရဲ့ ဒဏ်ရာ ဒဏ်ချက်တွေ ဘယ်လောက်အထိ ခံနိုင်ရည်ရှိသလဲဆိုတာ စမ်းသပ် လေ့ကျင့်ပေးနေတဲ့ ကစားကွင်းကြီး ဖြစ်ပါတယ်။

အခက်အခဲ ဒုက္ခတွေကို ရန်သူအဖြစ် မှတ်ယူပြီး တွန်းလှန်တိုက်ထုတ် အနိုင်ယူကာ ဘဝခရီး ရှေ့ဆက်လျှောက်နေပါမှ လူသားဆန်ပြီး လူပီသပါလိမ့်မယ်။

အကောင်းတွေ ကြုံနေရလို့ အောက်ခြေလွတ် ပျော်ရွှင်ကြည်နူးဖို မသင့်သလို အဆိုးတွေကြုံလာရင် စိတ်ပျက်အားငယ်နေပြီး ပူဆွေးသောကဖြစ်နေလည်း ဘာမှထူးမလာပါဘူး။စိတ်ဓာတ်ခွန်အားတွေ ယုတ်လျော့ပျက်စီးသွားဖိုပဲ ဆိုးကျိုးဖြစ်စေပါလိမ့်မယ်။


ဒီစာအုပ်ထဲမှာ ဘဝအောင်မြင်ရေးအတွက် လိုအပ်တဲ့၊သိထားသင့်တဲ့ စာစု အပုဒ်ရေ ၁၅ ပုဒ် ပါဝင်ပါတယ်။

📖 စာမျက်နှာ - ၇၂

V