
လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ
Luutway mamhtmi laukaung toetat pyaunglal lite pr
Dr. Phyo Paing
19,000 ကျပ်
✓ ရရှိနိုင်ပါတယ်
ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ကြိုးစားနေတာလား။
သင်က Personal နဲ့ Professional development အတွက် လေ့လာနေတာလား။
ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အားမရဘူး၊ အပြောင်းအလဲတွေ လုပ်ချင်တယ်၊ စာအုပ်တွေ ဖတ်တယ်၊ သင်တန်းတွေ တက်ပေမယ့် ဘာမှ ရေရေရာရာ ပြောင်းလဲတာမျိုးမရှိခဲ့ဘူး။
တကယ်တမ်း ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ ပြောရင် တချို့က ပင်ပန်းလို့၊ အချိန်မရှိလို့ဆိုပြီး ဆင်ခြေတွေပေးကြတယ်။ အမှန်က လူတွေကို ကွဲပြားခြားနားစေတာက လက်တွေ့လုပ်ရပ်ပဲဖြစ်တယ်။ စာအုပ်တွေဖတ်ပြီး ၊ သင်တန်းတွေ တက်ပြီးရင် တကယ်အသုံးချဖို့လိုပါတယ်။
သိပြီးရင် အသုံးမချတာက မသိတာနဲ့ အတူတူပါပဲ။ ဒါကြောင့် ဘဝမှာအပြောင်းအလဲ လုပ်ချင်ရင် ပြင်းထန်တဲ့ လှုပ်ရှားအားထုတ်မှုတွေ လိုပါတယ်။ ဘဝမှာ “အ” သုံးလုံးဟာ တစ်ဆင့်ချင်းလာပါတယ်။
အတွေး၊ အဓိပ္ပာယ်ရဲ့နောက်မှာ Action လာပါတယ်။
ဥပမာ - အတွေး - ငါစာဖတ်ရမယ်၊ အဓိပ္ပာယ် - အောင်မြင်ချင်ရင် စာမဖတ်လို့မရဘူး။ Action - တကယ် စာဖတ်မယ်။
ဘဝမှာ ဘာလုပ်ရမှန်း မသိဘူး၊ Motivation မရှိဘူးဆိုရင် တစ်ခုခုကို စလုပ်ကြည့်ပါ။ မတူတဲ့ idea တွေရလာပါလိမ့်မယ်။
“လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ” စာအုပ်က မိမိကိုယ်ကိုယ် အကောင်းဆုံး ဖြစ်အောင် ဖန်တီးနိုင်ဖို့၊ မိတ်ဆွေရဲ့ အတွေးတွေ ဘေးမချော်ဘဲ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်လာဖို့၊ နေ့စဉ်လုပ်နေကျ အလုပ်တွေကို အကျိုးရှိရှိ လုပ်ကိုင် တတ်လာဖို့ အများကြီး အထောက်အကူပြုပါလိမ့်မယ်။
သင်က ဘဝမှာ တိုးတက်ချင်ပြီး မတူညီတဲ့ အိုင်ဒီယာအသစ်တွေ ရချင်တယ်၊ ဘဝကို သာမာန်ဖြတ်သန်းနေကျအတိုင်းမဟုတ်ဘဲ အခက်အခဲတွေနဲ့ လက်တွေ့လောကကို ဘယ်လိုချိတ်ဆက် အဖြေရှာမလဲ သိချင်ရင် ဒီစာအုပ်က သင့်အတွက်ပါ။
📖 စာမျက်နှာ - ၂၂၈