← စာအုပ်ဆိုင်
လျှို့ဝှက်တဲ့ သန်းကြွယ်ဌေး

လျှို့ဝှက်တဲ့ သန်းကြွယ်ဌေး

ShoetWhatTae ThanKywal ThuHtay

Nine Nine Sanay

5,500 ကျပ်

✓ ရရှိနိုင်ပါတယ်

သူ့ကို နယူးဂျာစီနေ အမေရိကန်အိုင်းရစ်လူမျိုး ခရစ်ယာန်ဘာသာဝင် သာမန်မိသားစုတစ်စုက မွေးဖွားခဲ့တာဖြစ်တယ်။ ၂ဝ၁၁ခုနှစ်မှာ သူ့အသက်(၈ဝ)ပြည့်ခဲ့ပြီး အမေရိကန် ဆန်ဖရန်စစ္စကိုမှာ အိမ်ခန်းနှစ်ခန်းပါတဲ့အိမ်လေးမှာ ဇနီးနဲ့အတူ ငှားရမ်းနေထိုင်ခဲ့ပါတယ်။


နာမည်ကြီးတံဆိပ် အဝတ်အစားတွေ သူ မဝတ်ဆင်ခဲ့ဖူးသလို သူ့မျက်မှန်ကတည်း ဟောင်းနွမ်းနေခဲ့ပါတယ််။ သူ့လက်မှာပတ်ထားတဲ့ နာရီကလည်း မြေအောက်ဘူတာတစ်နေရာမှာ ဝယ်ခဲ့တဲ့နာရီဖြစ်တယ်။ အစားအသောက်ကောင်းတွေကို သူ မမက်မောခဲ့ပါဘူး၊ သူနှစ်သက်တဲ့အစားအစာက စျေးချိုတဲ့ ခရမ်းချဉ်သီးချိစ်ဆန်းဝှစ်ဖြစ်တယ်။ သူ့မှာ ကိုယ်ပိုင်ကားမရှိဘူး။ ဘတ်စကားကိုပဲ သူအသုံးပြုတယ်။ သူ့ရဲ့လက်ကိုင်အိတ်ဟာလည်း အဝတ်စနဲ့ချုပ်ထားတဲ့အိတ်ပဲဖြစ်တယ်။


ဒီလောက်ဆင်းရဲတဲ့ အမေရိကန်အဘိုးကြီးတစ်ယောက်အကြောင်း ဘာများပြောစရာရှိသလဲ၊ သူဘယ်သူလဲ။ သူကတော့သူကိုယ်တိုင်အတွက်မကြည့်ဘဲ အများအတွက်ကြည့်သူ၊ငွေကြေးရှာဖွေတာကို နှစ်သက်ပေမဲ့ ငွေကြေးတွေကို လက်ဝယ်မထားတဲ့သူ "Chuck Feeney"ပဲ ဖြစ်ပါတယ်။


Chuck Feeney ဟာ ထင်ပေါ်ကျော်ကြားလိုသူ မဟုတ်ပါဘူး ၊ သူဟာ အမည်မဖော်တဲ့အလှူရှင်ဖြစ်တယ်။ သူဟာ ငွေကြေး ၈ဘီလီယံပိုင်ဆိုင်တဲ့ The Atlantic Philanthropies ကို သူတည်ထောင်ခဲ့သူဖြစ်တယ်။ အခုခေတ်လက်ရှိ သန်းကြွယ်သူဌေးတွေဖြစ်တဲ့ ဘီလ်ဂိတ်၊ Warren Buffettတို့ဟာ ပရဟိတလုပ်ငန်းမှာ စံထားထိုက်တဲ့ သူတွေဖြစ်ပါတယ်။ Chuck Feeney ကတော့ ပရဟိတလုပ်ငန်းမှာ သူဌေးသူကြွယ်တွေအတွက် သင်ယူလေ့လာသင့်တဲ့ ဆရာကောင်းဆိုလည်း မှားမယ်မထင်ပါဘူး။


ဒီစာအုပ်ထဲမှာတော့ လျှို့ဝှက်တဲ့သန်းကြွယ်သူဌေး ချပ်ခ်ဖီးနီရဲ့အကြောင်းအပြင် အခြား ပျော်ရွှင်အားတက်ဖွယ်ရာ စာစုတွေကို ဘာသာပြန်ဆို စုစည်းထားခြင်းဖြစ်ပါတယ်။

📖 စာမျက်နှာ - ၁၅၂
 

V