← စာအုပ်ဆိုင်
လွှတ်ချသင့်တာ လွှတ်ချပြီး ရှေ့ဆက်ပါ

လွှတ်ချသင့်တာ လွှတ်ချပြီး ရှေ့ဆက်ပါ

The Art of Letting Go

Htet Htet Tin Zar

14,500 ကျပ်

✓ ရရှိနိုင်ပါတယ်

"ပြီးပြည့်စုံလိုမှု(Perfectionism) ကို စွဲလမ်းနေတာက အကြောင်းအမျိုးမျိုးကနေ ဖြစ်လာနိုင်ပါတယ်။ 

ဥပမာ - လူတချို့က မသေချာတာတွေကို ရင်ဆိုင်ရာမှာ ထိန်းချုပ်နိုင်ဖို့ နည်းလမ်းတစ်ခုအနေနဲ့ ပြီးပြည့်စုံလိုမှုကို စွဲလမ်းနေပြီး တချို့ကတော့ တခြားလူတွေရဲ့ ဝေဖန်အပြစ်ရှာမှုနဲ့ အကဲဖြတ်မှုတွေကနေ ရှောင်နိုင်ဖို့ နည်းလမ်းတစ်ခုအနေနဲ့ လက်ကိုင်ထားတတ်ကြတယ်။
 
နောက်ပြီး တချို့ကျပြန်တော့လည်း စိတ်အားငယ်တဲ့ ကိုယ်ပိုင်စိတ်တွင်းခံစားချက်ကို တုံ့ပြန်ဖို့ ပြီးပြည့်စုံနေဖို့ ကြိုးစားတတ်ကြတယ်။ဘယ်ကနေပဲဖြစ်ပေါ်လာပါစေ ပြီးပြည့်စုံလိုမှုက အမြဲတမ်းမှာ စိတ်မကျေနပ်မှုကို ရရှိစေပါတယ်။ ပြီးပြည့်စုံခြင်းကပဲ ပျော်ရွှင်စေမယ်လို့ထင်မြင်ရင် အမြဲတမ်း မပျော်ရွှင်မှုကိုပဲ ခံစားရမှာပါ။

 

ပြီးပြည့်စုံလိုမှုကို ရပ်လိုက်ဖို့ ကြိုးစားတဲ့အခါ စိုးရိမ်ကြောင့်ကြမှု လျော့နည်းလာပြီး ပိုမိုဖန်တီးနိုင်စွမ်း ရှိလာတဲ့အပြင် စိတ်ပိုင်းဖြတ်ချက်ခိုင်မာလာပြီး ဘေးအန္တရာယ်တွေကို တွက်ချက်လာနိုင်မှာပါ။ 
အရေးကြီးတဲ့အချက်ကတော့ တခြားသူတွေရဲ့ အတည်ပြုချက်ကို အမြဲတမ်းရယူဖို့ ကြိုးပမ်းနေရတဲ့ စိတ်ဝန်ထုပ်ဝန်ပိုးကနေ လွတ်မြောက်သွားနိုင်မှာပဲ ဖြစ်ပါတယ်။"

ဒီစာအုပ်မှာ လွှတ်ချတတ်ဖို့အကြောင်း လေ့ကျင့်သင်ကြားပေးဖို့ လုပ်ဆောင်မှု အဆင့်ဆင့် ပါဝင်ပါတယ်။  အဓိကအားဖြင့် မကျေနပ်ချက်တွေ၊ ခါးသီးမှုတွေနဲ့ သက်ဆိုင်ပြီး စိတ်ထဲ ကြီးစိုးလွန်းနေတဲ့ တခြားစိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေနဲ့ သက်ဆိုင်တဲ့ အစွဲကင်းစိတ်ကို လေ့လာရမှာပါ။  

ထိရောက်မှုရှိတဲ့ နည်းဗျူဟာတွေနဲ့ နည်းပညာတွေကို မျှဝေပေးထားသလို တစ်ခန်းချင်းအတွက် ရိုးရှင်းလွယ်ကူတဲ့ လေ့ကျင့်ခန်းတစ်ခုစီလည်း ထည့်ထားပါတယ်။


📖 စာမျက်နှာ -၁၈၈
 

V