← စာအုပ်ဆိုင်
အပြုသဘောစိတ်ထားဖြင့် ရှင်သန်ခြင်း

အပြုသဘောစိတ်ထားဖြင့် ရှင်သန်ခြင်း

Positive Attitude

Myint Myint Khin

12,000 ကျပ်

✓ ရရှိနိုင်ပါတယ်

 

စိတ်ဖိစီးမှူမျိုးစုံကြုံတွေ့နေရတဲ့လူတစ်‌‌ယောက်ဟာ အကောင်းမြင်စိတ်ထပ် အဆိုးမြင်စိတ်တွေပိုများနေတတ်ပါတယ်။

ဘဝကိုပျော်ရွှင်ပြီး စိတ်အေးချမ်းစွာဖြတ်သန်းဖို့ဆိုရင် ပူလောင်နေတဲ့ ကိုယ့်ရဲ့ စိတ်နေစိတ်ထားတွေကို အဓိကပြုပြင်ပြောင်းလဲရမှာပဲ ဖြစ်ပါတယ်။
အဆိုးမြင်စိတ်နဲ့ရှင်သန်မယ့်အစား အကောင်းမြင်စိတ် (အပြုသဘောစိတ်ထား) နဲ့ရှင်သန်မှသာ ဘဝကနေရကျိုးနပ်မှာပါ။


ကိုယ့်ရဲ့စိတ်နေစိတ်ထားက အပြုသဘောရှိတဲ့ အခါ အရာရာကို အကောင်းမြင်လာပါလိမ့်မယ်။ ဒီလိုအကောင်းမြင်စိတ်ကနေ ကိုယ့်ဘဝအတွက် ပျော်ရွှင်မှုတွေကိုဖြစ်ပေါ်လာစေပြီး ကိုယ့်ရဲ့ ရည်မှန်းချက်တွေကိုလည်းအောင်မြင်လာစေမှာပါပဲဖြစ်ပါတယ်။


အပြုသဘောစိတ်ထားနဲ့ရှင်သန်ဖို့ဆိုရင် အကောင်းမြင်စိတ်တစ်ခုတည်းရှိရုံနဲ့တော့မလုံလောက်ပါဘူး။တကယ့်လက်တွေ့ ဘဝနေနည်းတွေကို လိုက်နာကျင့်သုံးဖို့လိုအပ်ပါတယ်။


ဒီစာအုပ်မှာ အပြုသဘောစိတ်ထားနဲ့ရှင်သန်ဖို့အတွက် ကိုယ်ရဲ့စိတ်ကိုထားတတ်ဖို့ ၊ စိတ်ပြောင်းလဲတတ်ဖို့နဲ့ ပြုပြင်ပြောင်းလဲရမယ့် အကျင့်ဆိုးတွေအပြင် ကောင်းမွန်တဲ့ အကျင့်တွေဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့ ဘဝနေနည်းတွေကို အသေးစိတ်‌ဖော်ပြထားပါတယ်။


 


📖 စာမျက်နှာ - ၁၅၃  

V