← စာအုပ်ဆိုင်
အပြောင်းအလဲကို စီမံခြင်း

အပြောင်းအလဲကို စီမံခြင်း

Managing Change

Koung Loon

18,500 ကျပ်

✓ ရရှိနိုင်ပါတယ်

 

သင်က Professional development အတွက်ကြိုးစားနေတာလား။

လက်ရှိမှာ လူငယ်တွေက ကိုယ့်ရဲ့ career လမ်းကြောင်းမှာ professional ဆိုတဲ့နေရာထိ ရောက်အောင်သွားချင်ကြတယ်။ 

ဒါပေမယ့် နည်းလမ်းတွေကို မသိဘူး၊ သိထားတဲ့ နည်းလမ်းတွေကို ဘယ်လို နေရာမှာ အကျိုးရှိရှိ အသုံးချမလဲဆိုတာ မသိဘူး။ ဒါဆို သင်သိထားတဲ့ နည်းလမ်းတွေ ၊အရည်ချင်းတွေကို professional တစ်ယောက်ဖြစ်လာအောင် အသုံးချနိုင်ဖို့အတွက် အပြောင်းအလဲကို စီမံခြင်း စာအုပ်ကို ဖတ်ပါ။

လူတွေက တိုးတက်ချင်တယ်၊အဆင်ပြေချင်တယ်တော့ ပြောကြပေမယ့် အပြောင်းအလဲ လုပ်ရမှာကိုတော့ ကြောက်ကြပါတယ်။ 

အပြောင်းအလဲကို ကြောက်နေရင် တိုးတက်မှာ မဟုတ်တော့ဘူး။ 

ဒါပေမယ့် အရိုးစွဲလာတဲ့ အကျင့်တွေကို ချက်ချင်းပြောင်းလဲဖို့ဆိုတာက မလွယ်ကူပါဘူး။ ဒါကြောင့် Change ဆိုတဲ့ ပြောင်းလဲမှုကို ချက်ချင်းလုပ်မယ့်အစား ပိုပြီးသိမ်မွေ့တဲ့ “Shift” ဆိုတာနဲ့ စရပါမယ်။

Shifting ဆိုတာက change ထက်ပိုပြီးနှေးပါတယ်။ ပိုနှေးတာ မှန်ပေမယ့် ကိုယ်က သာမာန် လုပ်ရိုးလုပ်စဉ်တွေကနေပြောင်းလဲဖို့ ကြိုးစားတဲ့အခါ အရွေ့ အသစ်တစ်ခုဖြစ်လာပြီး  အသုံးဝင်တာကိုတွေ့ရပါလိမ့်မယ်။ 

ဥပမာ - လုပ်ငန်းခွင်တွေမှာ ၂၄ နာရီကို ၃ ပိုင်းပိုင်းပြီး shift 1, 2, 3 ထားပြီး သတ်မှတ်ပြီး အလုပ်လုပ်လိုက်တဲ့ အခါ အလုပ်နဲ့သက်ဆိုင်သူတွေအတွက် မတူညီတဲ့ အရွေ့တစ်ခုစီဖြစ်လာပါတယ်။

အဲ့ဒီသဘောတရားလိုပဲ ကိုယ်က တိုးတက်ဖို့အတွက် အပြောင်းအလဲတွေလုပ်ကြည့်ချင်တယ်ဆိုရင် လုပ်နေကျဆိုတဲ့ အလုပ်မျိုးတွေကနေ နည်းနည်း ရွှေ့ပြီးလုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ 

Shifting မှာ အချိန်ယူဖို့လိုပါတယ်၊ပြောင်း၊ပြောင်း ဆိုတာနဲ့ ချက်ချင်းပြောင်းလဲသွားမှာ မဟုတ်ဘဲ အရွေ့တစ်ခုဖြစ်လာဖို့အတွက် ဖြေးဖြေးနဲ့မှန်မှန်စီ လုပ်သွားဖို့လိုအပ်ပါတယ်။ အချိန်တစ်ခုရောက်တဲ့အခါ သင့်အတွက် သေချာပေါက် တိုးတက်မှုဖြစ်လာမှာပါ။

ဒီစာအုပ်မှာ သင့်ရဲ့ personal development အတွက် လိုအပ်တဲ့ soft skills တွေကို အကျိုးရှိရှိအသုံးချနိုင်ဖို့ နည်းလမ်းတွေကို မျှဝေပေးထားတဲ့အပြင်၊ professional တစ်ယောက်ဖြစ်လာဖို့အတွက် သင်ယူရမယ့် skills တွေကိုပါ မျှဝေပေးထားပါသေးတယ်။ 
ဒါ့အပြင် စီးပွားရေးလုပ်ငန်းရှင်တွေအတွက်လည်း business development နည်းလမ်းတွေကိုပါ ထည့်သွင်းရေးသားပေးထားတာဖြစ်လို့ လက်လွတ်မခံသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပဲဖြစ်ပါတယ်။


အပြောင်းအလဲတွေကို အကောင်းဆုံးစီမံနိုင်ဖို့ Managing Change စာအုပ်ကို ဖတ်ပါ။ 
 

📖 စာမျက်နှာ - ၂၃၀ 
 

V