← စာအုပ်ဆိုင်
အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်မှု

အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်မှု

Visionary Leadership

Koung Loon

17,500 ကျပ်

ယာယီ ကုန်နေပါတယ်

ကုန်သွားပါပြီ

ပျံသန်းရင်း သန်စွမ်းဖို့ “အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်မှု”

“ခေါင်းဆောင်တွေကို အုပ်စုခွဲကြည့်တဲ့အခါ အာဏာခေါင်းဆောင်၊ သြဇာခေါင်းဆောင်နဲ့ ပညာခေါင်းဆောင်ဆိုပြီး အုပ်စုသုံးမျိုးတွေ့ရပါတယ်။”

အမြော်အမြင်ကြီးမားစွာ ရှုမြင်တက်တဲ့ခေါင်းဆောင်မှုပုံစံကသာ အမှန်တကယ်ဖွံ့ဖြိုးတိုးတက်စေနိုင်ပါတယ်။

“အမြော်အမြင်ကြီးတဲ့ ခေါင်းဆောင်တွေက သူတို့နေရာ၊ သူတို့ကမ္ဘာကို သူတို့အတွက်ကောင်းအောင်လုပ်မယ့်အစား အများအတွက်ကောင်းအောင် ကြိုးစားသူတွေဖြစ်တယ်။”

 

ကိုယ်တိုင်က ခေါင်းဆောင်မှုနယ်ပယ်မှာ ခိုင်ခိုင်မာမာရပ်တည်ဖို့ ကြိုးစားနေတဲ့သူလား။

ဒါဆိုရင်တော့ ရိုးသားခြင်း၊ တည်ကြည်ခြင်းစတဲ့ ခြေထောက်နှစ်ချောင်း ခိုင်မာနေဖို့လိုအပ်ပါတယ်။

အမြော်အမြင်ကြီးတဲ့ ခေါင်းဆောင်တွေဟာ သူတို့နေရာ၊ သူတို့ကမ္ဘာကို သူတို့အတွက် ကောင်းအောင်လုပ်မယ့် အစား သူများတွေအတွက်ကောင်းအောင် ကြိုးစားသူတွေဖြစ်တယ်။ သူတို့က အများအတွက် အလုံးစုံစဉ်းစားကြပေမဲ့ “ဘယ်လိုလုပ်ကြရအောင်” ဆိုတဲ့ နည်းလမ်းပိုင်းမှာတော့ အားနည်းတတ်ကြပြန်တယ်။

 

လမ်းညွှန်မှုဟာ မြေပုံဖြစ်တယ်ဆိုရင် အဲဒီမြေပုံပေါ်မှာ သွားသာ၊ လာသာရှိအောင် လမ်းဖောက်ပေးရမှာက နောက်လိုက်တွေရဲ့ တာဝန်ဖြစ်ပါတယ်။

Visionary Leader က သူ့ရဲ့ နောက်လိုက်တွေရဲ့ လုပ်ချင်ကိုင်ချင်စိတ်တွေကို တက်ကြွနေအောင် လုပ်ပေးရမှာပါ။ 

 

အမြော်အမြင်ရှိတဲ့ခေါင်းဆောင်တွေဟာ အပြောင်းအလဲကာလမှာ ပေါ်လာလေ့ရှိပါတယ်။ သူတို့ဟာ အပြောင်းအလဲကို စိတ်အားထက်သန်သူတွေလည်း ဖြစ်ကြပါတယ်။အပြောင်းအလဲလုပ် လိုတယ်ဆိုတာ လူတိုင်းပြောနေကြပါပြီ။

အဲဒီ အပြောင်းအလဲကို တစ်ယောက်တည်းနဲ့ လုပ်လို့မရပါဘူး။ စုပေါင်းလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ 

ဒါကြောင့်မို့ Collective Leadership ဟာ အနာဂတ်ပါပဲ။

အနာဂတ်ကို ပိုကောင်းမွန်၊ ထူးချွန်လာအောင် ဦးဆောင်ဖို့ အမျှော်အမြင်ရှိတဲ့ ခေါင်းဆောင်မှုစာအုပ်က အကောင်းဆုံးလမ်းညွှန်ပေးသွားမှာပါ။



ဒါကြောင့်မို့ Collective Leadership ဟာ အနာဂတ်ပါပဲ။  

  📖  စာမျက်နှာ - ၂၃၀ 
  

V