← စာအုပ်ဆိုင်
အမှောင်ထုရဲ့အဆုံးမှာ အလင်းရောင်ရှိတယ်

အမှောင်ထုရဲ့အဆုံးမှာ အလင်းရောင်ရှိတယ်

A Mhaung htuyae asone mhar alin shital

Dr. Moe

12,000 ကျပ်

✓ ရရှိနိုင်ပါတယ်

လူဆိုတာ ကိုယ်ဘာဖြစ်ချင်လဲ။ ကိုယ့်ဘာသာ ဖန်တီးလုပ်ယူလိုရတယ်။ အသက်အရွယ်နဲ့လည်း မဆိုင်ဘူး။ ငွေကြေးချမ်းသာမှုနဲ့လည်း မဆိုင်ဘူး။ အချိန်ယူပြီး မိမိလိုချင်တဲ့ဘဝကို ပုံဖော်လိုရတယ်။ Body လှလှပပ လိုချင်ရင် အစားအသောက်ကို ကယ်လိုရီနဲ့ တွက်ချက်စားပြီး Gym ပုံမှန်သွားပါ။

သုံးလလောက်ဆို သိသာတဲ့အခြေအနေတစ်ခုရောက်နေပြီ။ အင်္ဂလိပ်စာကျွမ်းချင်ရင် နေ့စဉ်လေ့ကျင့်၊ နားထောင်၊ စာအုပ်တွေဖတ်ပါ။ လအနည်းငယ်ဆို တော်တော်ပြောနိုင်လာလိမ့်မယ်။ Beauty Blogger ဖြစ်ချင်ရင် နေ့တိုင်း မိတ်ကပ်လိမ်းလေ့ကျင့်ရင် လပိုင်းဆို ကျွမ်းကျင်သူအဆင့်ဖြစ်လာပြီ။ Chef ဖြစ်ချင်ရင် ဟင်းချက်နည်းတွေ လေ့လာ ချက်ကြည့်ရင်း တဖြည်းဖြည်း ကျွမ်းလာလိမ့်မယ်။

ဘဝမှာ မွေးလာကတည်းက ဘယ်သူမှ ဘာမှ မတတ်ကြဘူး။ ကိုယ်စိတ်ဝင်စားတဲ့အရာတစ်ခုကို အချိန်ယူပြီး သေချာလေ့လာရင် မကြာခင် ကျွမ်းကျင်သူအဆင့်ရောက်လာလိမ့်မယ်။ လုပ်နိုင်သူတွေကို အားကျနေပြီး မိမိကိုယ်ကို အသုံးမကျသူလို မမြင်ဘဲ ကိုယ်ကြိုးစားရင် ဖြစ်နိုင်တယ်လို မှတ်ယူထားပါ။ 

မိမိဘဝအတွက်အကောင်းဆုံး The Best Version of You ကို ဖန်တီးနိုင်မယ့်သူက မိမိကိုယ်တိုင်သာ ဖြစ်ပါတယ်။

📖 စာမျက်နှာ - ၁၆၁

V