← စာအုပ်ဆိုင်
AI ရာစုနှစ်

AI ရာစုနှစ်

The Age Of AI

Dr. Thar Tun Oo

10,000 ကျပ်

✓ ရရှိနိုင်ပါတယ်

AI ခေတ်က ကျွန်ုပ်တို့ရှေ့မှောက်မှာ ဉာဏ်ရည်တုက လူမှုအသိုက်အဝန်းကို အခြေခံကစလို့ ထဲထဲဝင်ဝင်ပြောင်းလဲစေ နေပါပြီ။ ဒီစာအုပ်ထဲမှာတော့ အောင်မြင်မှုတွေအသီးသီးလည်းရရှိထားပြီး အတွေးနက်နက်နဲ့ ကြည့်ရှုတွေးတောနိုင်သူ သုံးဦးက ဒီဉာဏ်ရည်တုရဲ့ပြောင်းလဲမှုတွေက လူသားတွေအပေါ် ဘယ်လိုအဓိပ္ပာယ်သက်ရောက်စေမလဲဆိုတာကို ရေးသားထားပါတယ်။

ကျိုးကြောင်းဆင်ခြင်သုံးသပ်နိုင်စွမ်းကိုအသုံးချတဲ့ခေတ်၊ ဉာဏ်အလင်းပွင့်ခေတ် ကာလများ (၁၇ ရာစုနှောင်းပိုင်းမှ ၁၈ ရာစုအတွင်း) မတိုင်မီကတည်းက လူသား တွေအနေနဲ့ လုံခြုံရေး၊ စီးပွားရေး၊ အာဏာနဲ့ အသိပညာဗဟုသုတဆိုတာတွေကို ချဉ်းကပ်ပုံက ပြောင်းလဲခဲ့နှင့်ပြီဖြစ်ပါတယ်။ 

ဉာဏ်ရည်တုလို့ဆိုတဲ့ AI က ကမ္ဘာကို လူသားတွေ မောင်းနှင် ပဲ့ကိုင်တဲ့ပုံစံကို တော်လှန်ပြောင်းလဲနေပြီ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်က ရှာဖွေခြင်း၊ တိုက်ရိုက်ပြသခြင်းအပါအဝင် ဆေးဝါး၊ ပညာရေး စသဖြင့် နယ်ပယ်တွေအပြင် နယ်ပယ်စုံကဏ္ဍစုံမှာလည်း AI ရောက်ရှိနေ နှင့်ပြီး လက်တွေ့ အတွေ့ အကြုံတွေကို ပြောင်းလဲစေခဲ့ပါပြီ။ 

AI အနာဂတ်ကမ္ဘာစာအုပ်ဟာ ယခင်က တစ်ကြိမ်မှ မကြုံတွေ့ ဖူးသေးတဲ့ ယနေ့ နည်းပညာခေတ်နဲ့ အနာဂတ်အတွက် မရှိမဖြစ် လမ်းပြမြေပုံတစ်ခုဖြစ်ပါတယ်။

📖 စာမျက်နှာ - ၁၇၂

V