← စာအုပ်ဆိုင်
Behavioral Marketing

Behavioral Marketing

Behavioral Marketing

Alex Khine

14,000 ကျပ်

✓ ရရှိနိုင်ပါတယ်

လူတွေက ကိုယ့် Brand ကို မှတ်မိစေချင်ကြတယ်။

ဒါပေမယ့် မှတ်မိသွားအောင် ဘယ်လိုနည်းလမ်းတွေ အသုံးချရမလဲဆိုတာ မသိဘူး။

လူတွေ ကိုယ့် Brand ကို မှတ်မိစေချင်ရင် ခံစားရအောင် လုပ်တတ်ဖို့လိုပါတယ်။ ကုန်ပစ္စည်းတွေရဲ့ အကျိုးကျေးဇူးတွေကို ကြော်ငြာတာထက် လူတွေကို Brand နဲ့တွဲပြီး စိတ်ခံစားချက်တစ်ခုကို မှတ်ထားလိုက်စေတာက ပိုပြီး မှတ်မိလွယ်စေပါတယ်။ 
လူတွေက ဝယ်ဖို့စဉ်းစားတဲ့အခါမှာ လက်ရှိခံစားနေရတဲ့ ခံစားချက်နဲ့ကြည့်ပြီး ဆုံးဖြတ်ချက် ချတတ်ပါတယ်။

ဒီနေရာမှာ တစ်ခုရှိတာက ခံစားချက်ကောင်းတွေ ဖြစ်ဖို့လိုပါတယ်။လူတွေဆီမှာ ရှိတဲ့ အကောင်းမြင်စိတ်နဲ့ ကိုယ့်ကုန်ပစ္စည်း Brand ကိုအချိတ်အဆက်မိအောင်လုပ်ပြီး  ကောင်းမွန်တဲ့ Brand တစ်ခုဖြစ်အောင် တည်ဆောက်ထားရမှာပဲဖြစ်ပါတယ်။

ဝယ်သူတွေ လိုချင်တာကို တကယ်ပေးနိုင်ရင်​ ကိုယ့် ကုန်ပစ္စည်း​၊ Brand ကို ဝယ်မယ့် Loyal customer တွေအများကြီး ရလာပါလိမ့်မယ်။ လူတွေရဲ့ လိုအပ်ချက်တွေ၊ ခံစားချက်တွေနဲ့ အပြုအမူတွေကို နားလည်နေမယ်ဆိုရင် သူတို့လိုချင်တာကို ပေးဖို့ကလည်း သိပ်ပြီး ခက်မှာ မဟုတ်ပါဘူး ။


ဒီစာအုပ်က ကိုယ့်ရဲ့ ထုတ်ကုန်၊ Brand ကို ဝယ်သူတွေ ဝယ်လာအောင် ၊ ဝယ်ချင်တဲ့ စိတ်ခံစားချက်တွေ၊ ဆုံးဖြတ်ချက်တွေဖြစ်လာအောင် ဘယ်လိုနည်းလမ်းတွေကို အသုံးချပြီး ဝယ်ဖြစ်သွားအောင်​၊ ကိုယ့် customer ဖြစ်လာအောင်လုပ်မလဲ။ လူတွေရဲစိတ်နဲ့ စျေးဝယ်ခြင်းအကြား ဆက်စပ်မှုတွေ၊ သဘောတရားတွေကို လေ့လာသွားရမယ့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။


 

📖 စာမျက်နှာ - ၁၄၀  
 

V