
CEO မှတ်တမ်း
The 33 Laws of Business & Life
Dr. Thar Tun Oo
15,000 ကျပ်
ယာယီ ကုန်နေပါတယ်
ကုန်သွားပါပြီလူဦးရေ ၁ ဘီလီယံကျော် စိတ်ဝင်စားစွာကြည့်ရှုတဲ့ The Diary of A CEO Podcast တည်ထောင်သူ Steven Bartlett ရဲ့ ဥပဒေသ ၃၃ ကို အခြေတည်ထားတဲ့ မှတ်သားဖွယ် ကြောင်းခြင်းရာတွေကို ဒီစာအုပ်မှာ ဖတ်ရှုရပါမယ်။
The Diary of A CEO Podcast ကို တည်ထောင်သူ Steven Bartlett ကို ၁၉၉၂ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။
သူဟာ အသက် ၂၁ နှစ်မှာ Wall Park Online Messaging Board ကို တည်ထောင်ခဲ့တယ်။ အသက် ၂၂ နှစ်မှာ Social Chain ကို ပူးတွဲတည်ထောင်ခဲ့တယ်။ သက် ၂၈ နှစ်မှာ Catena Capital ကို တည်ထောင်ခဲ့တယ်။ အသက် ၂၉ နှစ်မှာတော့ Flight Story . . . အဲဒီကမှတစ်ဆင့် Flight Studios, Flight Fund နဲ့ Flight Ventures တို့ကို တည်ထောင်ခဲ့တယ်။
သူဟာ Forbes မဂ္ဂဇင်းရဲ့ ၂၀၂၀ ပြည့်နှစ် အသက် ၃၀ အောက် ထင်ပေါ်ကျော်ကြားသူ ၃၀ စာရင်းဝင်ဖြစ်ပြီး သူ့ရဲ့လက်ရှိပိုင်ဆိုင်မှု ပမာဏကပေါင် သန်း ၇၀ ကျော် ရှိပါတယ်။
Steven Bartlett ရေးသားတဲ့ ဒီစာအုပ်ဟာ စီးပွားရေးဆိုင်ရာ မဟာဗျူဟာတွေအကြောင်းမဟုတ်ပါဘူး။ မဟာဗျူဟာတွေဆိုတာ အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။ဒီစာအုပ်ထဲမှာ အောင်မြင်တဲ့အဖွဲ့အစည်းတွေတည်ထောင်နိုင်ဖို့၊ ဒါမှမဟုတ် အောင်မြင်လိုသူတွေအတွက် မရှိမဖြစ်လိုအပ်ချက်တွေကို ဖော်ပြပေးထားပါတယ်။
ဒီဥပဒေသတွေကို အလုပ်အကိုင်မရွေး၊ လုပ်ငန်းနယ်ပယ်မရွေး အသုံးချနိုင်ပါတယ်။
အတိုချုပ်ပြောရရင် အိုင်းစတိုင်းရဲ့ "ဖြစ်နိုင်ရင် အရာရာတိုင်းဟာ ရိုးရှင်းဖို့လိုအပ်ပါတယ်" ... ဆိုတာကို အခြေခံပြီး စာရေးသူကလည်း ဥပဒေသတစ်ခုစီကို အပိုအလိုမရှိဘဲ လိုအပ်တဲ့ပုံတွေရယ်၊ တကယ့်ဖြစ်ရပ်မှန်ပုံပြင်တွေရယ်နဲ့ အထိမိဆုံးရေးသားထားပါတယ်။
📖 စာမျက်နှာ -၂၄၁