ဘယ် AI မော်ဒယ်ကို သုံးသင့်လဲ ဆုံးဖြတ်ဖို့
ခေါင်းတအားစားနေရင် ဒီဟာလေး ဖတ်ကြည့်ပါ။

ဒီ Resource အကြောင်း
AI Tool တစ်ခုခု ဝယ်ဖို့ စဉ်းစားနေပေမယ့် ဘယ်ဟာက အမှန်တကယ် အလုပ်ဖြစ်မလဲ မသေချာဘူးလား။ ကြော်ငြာတွေကြည့်ပြီး ရွေးလိုက်တဲ့အတွက် တစ်နှစ်စာ Subscription အလဟဿ ဖြစ်သွားတဲ့ လုပ်ငန်းတွေ အများကြီးရှိပါတယ်။ ဒီ Checklist က ခန့်မှန်းချက်နဲ့မဟုတ်ဘဲ အဆင့် ၅ ဆင့်နဲ့ စနစ်တကျ ဆုံးဖြတ်နိုင်အောင် ကူညီပေးပါတယ်။ သင့်လုပ်ငန်းအခြေအနေ စစ်ဆေးခြင်းကနေစပြီး၊ အလုပ်အမျိုးအစားနဲ့ ကိုက်ညီတဲ့ Model ရွေးချယ်ခြင်း၊ Feature တွေ တစ်ခုချင်း နှိုင်းယှဉ်ခြင်း၊ ဝယ်မယူမီ ရက် ၃၀ စမ်းသပ်ခြင်း၊ ပြီးရင် အဖွဲ့တစ်ခုလုံး အသုံးပြုလာအောင် အကောင်အထည်ဖော်ခြင်းအထိ ပါဝင်ပါတယ်။ စာရွက်ပေါ်မှာ တိုက်ရိုက်ဖြည့်နိုင်တဲ့ အမှတ်ပေးကွက်နဲ့ ဆုံးဖြတ်ချက် မှတ်တမ်းကွက်တွေလည်း ပါဝင်တာကြောင့် အဖွဲ့နဲ့ တိုင်ပင်ဆွေးနွေးရာမှာပါ တိုက်ရိုက် သုံးနိုင်ပါတယ်။
ဒီထဲမှာ ဘာတွေ ပါလဲ
- ✓အဆင့် ၅ ဆင့် ဆုံးဖြတ်ရေး လမ်းညွှန်
- ✓အလုပ်အမျိုးအစား ၆ မျိုးအလိုက် ဘယ် Model ရွေးမလဲ ဇယား
- ✓Claude, ChatGPT, Gemini — Feature ၆ မျိုး တိုက်ရိုက်နှိုင်းယှဉ်ချက်
- ✓ဝယ်မယူမီ ရက် ၃၀ စမ်းသပ်မှု အဆင့် ၇ ဆင့်
- ✓ကိုယ်တိုင်ဖြည့်နိုင်သော အမှတ်ပေးကွက်နှင့် ဆုံးဖြတ်ချက် မှတ်တမ်း
- ✓အကောင်အထည်ဖော်ရေး Checklist နှင့် ရှောင်ရန် အမှား ၃ ချက်
လက်တွေ့ လုပ်ကြည့်ချင်ပါသလား?
ဒီ Resource က အစပဲ ရှိပါသေးတယ်။ သင့်လုပ်ငန်းရဲ့ တကယ့် Process ကို Automate လုပ်တာကို လက်တွေ့ သင်ကြားပေးတဲ့ သင်တန်းတွေ ရှိပါတယ်။
သင်တန်းများ ကြည့်ရန် →